♠*♥♥* ကိုယ်တိုင်ခံစား ... ရင်ဘတ်အငှားနဲ့လည်းရေးထားပါသောကြောင့် ... ရောက်လာလျှင် ဖတ်သည်ရှိ/မဖတ်သည်ရှိ ခြေရာလေးတော့ချန်ခဲ့ပေးပါဗျာ *♥♥*♠

Tuesday, March 30, 2010

ဥယျာဉ်မှုး၏အတ္တ

လရောင်ဖျော့ဖျော့
လေပြေအသော့မှာ
ကြွေလျော့ရှာလို့
မြေတကျော့မှာ ကြွေသက်ဆင်းရမယ်
မင်း ........ သတိပြု ။

နေခြည်စုစု
လေနုဖယ်ခွါ
ခါတော်မသင့်ပဲ
ကြွေလွင့်ကာ ပြို..ပျက်..ယွင်းရမယ်
မင်း ........ သတိပြု ။

နေခြည်မထိုး
လေဆိုးလည်းမလာ
ထွေးကာလေ ရင်ရိပ် ပေးလို့
(အေးပါစေ) မွှေးပါစေ သခင်စိတ်အတွေးမို့
အရိပ်ပေးကာ ပြုပြင်ဖူးခဲ့သမျှ
(သြော်) အခုတော့ဖြင့် ............
ဥယျာဉ်မှုး၏ "အတ္တ" ။ ။


ဒီကဗျာလေးကို ကျွန်တော့်ရဲ့ ပထမဆုံးချစ်သူဆိုဒ်လေးမှာ ဦးဦးဖျားဖျားတင်ခဲ့တယ် ။။